Showing posts with label Virus တွေအကြောင်း. Show all posts
Showing posts with label Virus တွေအကြောင်း. Show all posts

Saturday, 5 March 2011

Rootkit အကြောင်း

Rootkit သည် ကွန်ပျူတာ Malware အမျိုးအစားတစ်ခုဖြစ်ပြီး သူ့ရဲ့အလုပ်လုပ်ပုံက Virus တွေအလုပ်လုပ်ပုံနဲ့ တစ်ခုကွဲပြားပါတယ်။ Rookit ကူးစက်ချင်းခံရသော ကွန်ပျူတာများရဲ့ ထိန်းချုပ်ခွင့်ကို Rootkit ပိုင်ရှင် Attacker သို့ ပေးအပ်ခြင်းဖြင့် Attacker လုပ်ချင်တဲ့အရာများကို လုပ်ကိုင်ပေးနိုင်ပါတယ်။ Viruses တွေနဲ့ မတူတာတစ်ခုကတော့ မိမိစက်ကို ဖျက်စီးခြင်းမလုပ်သလို Worms တွေလိုလည်း သူများကွန်ပျူတာ (သို့) မိမိဖိုင်လ်တွေကို မြန်နိုင်သလောက်မြန်အောင် ကူးစက်ခြင်းမလုပ်ပါဘူး။

Rootkit သည် စက်တစ်လုံးပေါ်ရှိ Private Data နှင့် System Files များကို Remote User ဖြစ်တဲ့ Attacker ကို Administrative Rights ပေးပြီး ထိန်းချုပ်ပိုင်ခွင့်ပေးပါတယ်။ ဒါကြောင့် attacker သည် မိမိစက်ကို သုံးချင်တာသုံးလို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Rootkit ကိုအသုံးချခြင်းကတော့ Grid Computing ကဲ့သို့ Processing power ကို များစွာသော PC များကို အသုံးချ၍ Load ကို Distributing လုပ်ပေးခြင်းဖြင့် အခကြေးငွေယူ၍ Cryptography လုပ်ငန်းများလုပ်ဆောင်ပေးခြင်း ဥပမာ Wireless Password များကို Crack ချင်း၊ Zombie network ကိုအသုံးပြု၍ DDoS ပြုလုပ်ခြင်း၊ သူများ Network ကို Penetrate လုပ်ပြီးနောက် Law Enforcement မှ လူများ လမ်းကြောင်းလွဲစေရန် မိမိစက်ကို ဓါးစာခံဖြင့် တမင်တကာထားခဲ့ခြင်း စသည်တို့ကို လုပ်ဆောင်ပေးပါတယ်။

Rootkit ဆိုသည်မှာ အသစ်အဆန်း Malware တစ်မျိုးတော့ မဟုတ်ပါ။ Rootkit ကို ၁၉၈၀ ခုနှစ်ထဲက စတင်တွေ့နိုင်ပါတယ်။ ပထမဆုံး Rootkit ကို Unix Servers များကို ထိန်းချုပ်ရန်အတွက် စတင်ရေးခဲ့ပါတယ်။ Rootkit ကို ပထမဆုံး တွင်တွင်ကျယ်ကျယ် စသိစေတာကတော့ Sony BMG က သူရောင်းခဲ့တဲ့ သီချင်း CD တွေမှာ ထည့်ပေးချင်းဖြင့် User မသိအောင် Install လုပ်ခွင့်ပေးခဲ့ပါတယ်။ Sony ကတော့ DRM Protection အတွက်လုပ်ခဲ့တာပေမဲ့ ဒီ Rootkit ကို အလွယ်တကူ Hijack လုပ်ပြီး သုံးနိုင်ခဲ့ပါတယ်။

Rootkit ကို မိမိသုံးနေတဲ့ Software တွေမှာတွဲပါပြီးလည်းကောင်း၊ Viruses များမှ တစ်ဆင့်ကူးခြင်းဖြင့်လည်းကောင်း၊ မိမိဝယ်သုံးတဲ့ Hardware တွေမှာ Pre-installed အနေနဲ့ပါလာခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ဥပမာ Smartphone, iPod, Laptops များတွေမှာ Pre-installed လုပ်ပြီးပါလာတတ်ပါတယ်။

Rootkits တွေကို ရှင်းရန်အတွက် Trend Micro ကထုတ်တဲ့ Rootkit Buster သည် ကွန်ပျူတာထဲရှိ Folder များနှင့် Master Boot Records များကို စစ်ဆေးပေးပါတယ်။

ကိုရေးတဲ့ Antibody သို့မဟုတ် Anit-virus အလုပ်လုပ်မလုပ်

ကျွန်တော် သွားရင်းလာရင်း တွေ့ထားတဲ့ နည်းလမ်းလေးပါ။
Virus အတုလေးပါ...
Anti-virus အလုပ်လုပ်နိုင် မလုပ်နိုင် Check ပေးနိုင်တဲ့ Code ပါ

၁။ note pad ကိုဖွင့်ပါ။
၂။ X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H* ဒါလေးကို အတိအကျရိုက်ထည့်ပါ
၃။ File ကို myfile.com လို့ပေးပြီး Save ပါ
၎။ Double ခေါက်၍ ဖွင့်ပါ
၅။ Anti-virus အလုပ်လုပ်ရင် Warning ပါလိမ့်မယ်

ကွန်ပျူတာထဲတွင် ဗိုင်းရပ်ရှိမရှိ

ဒီနေ့ သူငယ်ချင်းတစ်ယောက် စက်ကိုကိုင်ပေးရင်းနဲ့ ဗိုင်းရပ်စစ်ပေးလိုက်တယ် ခုဟာကတော့ ကြုံလို့ရေးလိုက်တာပါ

Virus ဆော့ဖ်ဝဲမသုံးပဲ ကွန်ပျူတာထဲမှာ ဗိုင်းရပ်ရှိမရှိ ဘယ်လိုစစ်မလဲ သိပြီးတဲ့သူတွေလဲ ရှိမှာပါ မသိသေးသူတွေအတွက်ပါ

ဒီလိုလေး လုပ်ကြည့်ပါ Window key+R or Run >>> cmd >>> ထဲကို ၀င်ပါ ပြီးရင် setup လို့ ရေးပြီး Enter ခေါက်လိုက်ပါ

Plesae go to the Control Panel to install and configure system components လို့ ပေါ်လာရင်တော့ ဗိုင်းရပ်ရှိမနေပါဘူး

D ကို စစ်မယ်ဆိုရင်တော့ D:\>setup လို့ စစ်နိုင်ပါတယ် အထက်ပါ စာမပေါ်ခဲ့ရင်တော့ ဗိုင်းရပ်ရှိနေပါတယ်

အလွယ်ကူဆုံး စစ်နည်းပေါ့ဗျာ