Monday, 2 May 2011

ကွန်ပျူတာမှာ Stick မတက် ဘူးဆိုရင်

USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။

ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။

နည်းလမ်း(၁)

- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)

- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။

-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။

နည်းလမ်း(၂)

- နောက်တစ်နည်းကတော့ Run Box မှာdevmgmt.msc ကို ရိုက်ထည့်လိုက်ပါ။

- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)

- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။

ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။

Saturday, 30 April 2011

Website တစ်ခုလုံး Copy ကူးခြင်းနည်းလမ်းများ

Website တစ်ခုလုံး Copy ကူး လေ့လာချင်သူများ အတွက်

၁ ။ အရင်ဆုံး Web Copier ကို Install လုပ်ပါ ။

၂ ။ Web Copier ရဲ့ File အောက်က New ကို ရွေးပါ ။

၃ ။ Next ကို Click ပါ ။

၎ ။ Project Title မှာ ကိုယ်ဆွဲမယ့် Website အမည်ကို ပေးပါ ။

၅ ။ Add the address entering by its URL ကို ရွေးပါ ။

၆ ။ Next ကို Click ပါ ။

၇ ။ URL မှာ ကိုယ် Copy ကူးမယ့် Website ရဲ့ Address ကိုပေးပါ ။ ( http://www.w3Schools.com )

၈ ။ Next ကို Click ပါ ။

၉ ။ User ID နဲ့ Password ကို တစ်ခုခု ပေးပါ ။

၁၀ ။ Save in Directory မှာ သိမ်းချင်တဲ့ နေရာကို ပေးပါ ။ ( C:\Program Files\WebCopier\Download\ အောက်မှာ သူက အလိုလို သိမ်းမှာပါ ။ ကြိုက်ရာပြောင်းသိမ်းနိုင်ပါတယ် )

၁၁ ။ Next ရွေးပါ ။

၁၂ ။ Use the default Download Option ရွေးပါ ။

၁၃ ။ Next ရွေးပါ ။

၁၄ ။ Save the project and start Download now ဆိုတာလေးကို Check ပေးလိုက်ပါ ။

၁၅ ။ Finish နှိပ်ပါ ။

၁၆ ။ File Name မှာ NewProject.wcp ဆိုတဲ့ နေရာမှာ ကြိုက်တဲ့ Name ပေးပါ ။ ( w3Schools.wcp ဆိုပါတော့ )

၁၇ ။ ပြီးရင် Save နှိပ်ပါ ။ အလိုလို Copier ကူးနေတာလေး တွေ့ရမှာပါ ။

Web Copier Download Link :

http://www.freedownloadscenter.com/Network_and_Internet/Offline_Browser_Tools/WebCopier.html

C#.Net နဲ့ ပတ်သက်သော အကြောင်းအရာများကို Facebook တွင် Stringlive အမည်ဖြင့် Knowledge Sharing လုပ်ပေးထားပါတယ် ။

How To Format Hard disk with a Text Document

အောက်က ရေးပေးထားတဲ့ ကုဒ်လေးတွေကို ကူးပြီး Notepad မှာ Paste ပေးပါ...
ပြီးရင် file name.exe ဖိုင်အနေနဲ့ Save လုပ်ပါ... ရလာတဲ့အဲ့ဒီဖိုင် ကို Run လိုက်ရင်တော့
Hard disk ကို Format ချသွားပါလိမ့်မယ်...

010010110001111100100101010101 01010000011111100000

*စမ်းကြည့်ချင်ရင်တော့ ရလာတဲ့ .exe ဖိုင်လေးကို ရမ်းကြည့်ပေါ့ ..