Wednesday 29 June 2011

C# 2008 တွင်ပါဝင်သော Features အသစ်များ

ကျနော် C# ကို လက်ရှိ လေ့လာနေတုန်းမှာ သိလာတာလေးတွေကို ရေးပေးမှာပါ။ Programming နဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ Beginner အဆင့်လောက်တောင်မှ မသိသေးတဲ့အတွက် အမှားအယွင်းတွေ အများကြီး ပါနိုင်ပါတယ်။ ပြင်ဆင်ပေးကြပါ။
ဒီလိုမျိုး C# ရဲ့ Features အသစ်တွေ အကြောင်းကို နိုင်ငံခြားဖိုရမ်တွေမှာ အများကြီးရှာတွေ့နိုင်ပါတယ်။ C# 2008 ထွက်တာလည်း တော်တော်ကြာနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံက C# 2005 ကို သုံးနေတဲ့ သူတွေ အနေနဲ့ C# 2008 မှာ ဘာများ အသစ်ရှိလဲဆိုတာသိချင်တယ်ဆိုရင် မြန်မာလို လေ့လာလို့ရအောင်ရေးပေးလိုက်တာဖြစ်ပါတယ်။ သိပြီးသားဆိုရင်လည်း ကျနော် ရေးတာကျန်နေရင် ဖြည့်ပေးကြဖို့ ထပ်မံပြောချင်ပါတယ်။

အမျိုးမျိုးသော language extensions တွေကို C# 3.0 မှာ “Orcas” ဆိုတဲ့ code-named နဲ့ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့ Extension တွေဟာ C# 2.0 ပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာ ဖြစ်ပြီးတော့ Programming ရေးသားရာမှာ ခေတ်စားနေတဲ့ Functional Programming Style ကိုလည်း အထောက်အကူဖြစ်အောင် ဖွဲ့စည်းပေးထားပါတယ်။ အသစ်ဖြစ်တဲ့ Feature တွေကတော့...

• Auto-implemented Properties
• Implicitly Typed Local Variables
• Extension Methods
• Lambda Expressions
• Object Initializers
• Collection Initializers
• Anonymous Types
• Partial Methods
• Expression Trees
• Query Expressions စတာတွေဘဲဖြစ်ပါတယ်။

အဲဒီ့ Feature အသစ်တွေ အကြောင်းမပြောခင် ကျနော့်အနေနဲ့ .NET Programmer တွေရဲ့ ရေးသားနည်း အသစ်ဖြစ်တဲ့ Functional Programming Style အကြောင်း အနည်းငယ်ပြောချင်ပါတယ်။ အဲဒီ့မှာ ၂ ပိုင်းခွဲထားပါသေးတယ်....

1. Functional Programming
Functional Programming ဆိုတာကတော့ Problem Solving လုပ်ရာမှာ Function စစ်စစ်ကိုသာ အဓိကသုံးပြီးရေးသွားတဲ့ ပုံစံဖြစ်ပါတယ်။ OOP programming language အများစုဖြစ်တဲ့ Java,C#,C++ စတာတွေဟာတော့ Procedural Programming ကို ဦးစားပေးပြီးတော့ Support လုပ်ပါတယ်။

2. Procedural Programming
Procedural Programming ဆိုတာကတော့ task တစ်ခု ဒါမှမဟုတ် နည်းလမ်းတစ်ခုခုဟာ ပြဿနာဖြေရှင်းတဲ့ အခါမှာ ဘယ်လိုမျိုးပုံစံနဲ့ အလုပ်လုပ်သွားတယ်ဆိုတာကိုဘဲ အဓိကထားပြီးရေးသားပါတယ်။ ဆိုလိုတာကတော့ Program တစ်ခုလုံးရဲ့ Algorithms တွေကို အဓိကထားပြီးရေးကြပါတယ်။ ဒါပေမယ့် Functional Programming နဲ့ ရေးလေ့ရှိတဲ့ Programmer တွေအနေနဲ့ကတော့ Method ဒါမှမဟုတ်ရင် Function တွေကို ကြေငြာတဲ့အခါမှာ အချက်အလက်တွေဟာ ဘယ်ကနေ ဘယ်ကို ၊ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲသွားကြတယ်ဆိုတာကို သာကြည့်ကြပါတယ်။ Procedure တစ်ခုလုံးရဲ့ Algorithms တွေကို အဓိကထား မစဉ်းစားတော့ပါဘူး။

အဲဒါတွေကတော့ Coding ရေးသားတဲ့ Style နှစ်ခုရဲ့ ကွာခြားချက်လေးကို ကျနော် သိသလောက် နည်းနည်းရွှီးကြည့်တာပါ။

Auto-implemented Properties

ကျနော် C# 2005 ကို သုံးဖူးတုန်းကဆိုရင် Properties တစ်ခုကို ကြေငြာမယ်ဆိုရင်တောင်မှ Coding ရိုက်ရတာ တအားရှည်တဲ့ အတွက် C# 2005 ကို ၁ လ သုံးကြည့်ပြီးတော့ ဆက်မသုံးတော့ပါဘူး။ အခု C# 2008 ထွက်လာတော့ သူ့ရဲ့ ဖီးချား အသစ်တွေကို နည်းနည်း လေ့လာကြည့်တဲ့အခါ Auto-Implemented Properties ပါနေတာတွေ့ရလို့ ကျနော့်အနေနဲ့ C# ကို ပြန်လေ့လာဖြစ်တာပါ။ နို့မို့ဆိုရင် ခုချိန်ထိ VB ကနေ ထွက်နိုင်ဦးမှာမဟုတ်သေးဘူး။ (ခုလည်း VB ကနေ ခဏထွက်လာတာပါ။ ပြီးရင် ပြန်ဝင်ရဦးမှာ။ ပိုက်ပိုက်က အဲဒါနဲ့ ရှာရမှာ။  လေနည်းနည်းရှည်သွားဘီ။ ဆက်ပြောပါမယ်။

ကျနော်တို့ C# 2.0 (2005) တုန်းကဆိုရင် Properties တစ်ခုကို Declare လုပ်မယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရပါတယ်။


private int iStudID;
private string strStudName;

public int StudID
{
get
{ return iStudID; }
set
{ iStudID = value; }
}
public string StudName
{
get
{ return strStudName; }
set
{ strStudName = value; }
}


စာဖတ်သူအတွက်တော့ ဘယ်လိုနေလဲမသိဘူး ၊ ကျနော့်အနေနဲ့ကတော့ အဲဒီ့ Code ကို ရိုက်ရတာ တော်တော်ပင်ပန်းတယ်ဗျာ။
ဒါပေမယ့် အခု C# 3.0 (2008) ထွက်လာတဲ့အခါမှာတော့ Auto-Implemented Properties နဲ့တင် တော်တော်လေး အဆင်ပြေသွားတယ်....မယုံရင် အောက်က Coding ကိုကြည့်လိုက်ပါ။


public class AutoProperties
{
public int
StudID { get; set; }
public string
StudName { get; set;}
}


ကဲ ဘယ်လောက် တိုလဲ။ ရေးရတာများ သက်သာလိုက်တာ ပြောမနေနဲ့။ ဒါပေမယ့် ဒီလို အလွယ်လိုက်ချင်ရင်တော့ နည်းနည်း စဉ်းစားတတ်ဖို့တော့လိုမယ်နော်။ သူ့အလုပ်လုပ်ပုံကတော့ Program Run နေတုန်းမှာ နောက်ကွယ်ကနေပြီးတော့ Anonymous Data Fields တွေကို Create လုပ်ပါတယ်။ အဲဒီ့လို Create လုပ်ရင်းနဲ့ Auto-Implemented Properties ကနေပြီးတော့ Program ကိုထိန်းချုပ်ပေးသွားပါလိမ့်မယ်။

Implicitly Typed Local Variables


အကယ်လို့များ ကျနော်တို့ဟာ ကိုယ့် Program မှာ Local Variable တစ်ခုအနေနဲ့ var ဆိုပြီးကြေငြာခဲ့မယ်ဆိုရင် Compiler ကနေပြီးတော့ အဲဒီ့ Variable သက်ဆိုင်ရာ Datatype ကို အလိုလိုသတ်မှတ်ပေးသွားပါတယ်။
ဥပမာအားဖြင့်


var iAge = 17;
var strName = "SYKO";
var Exp = 2.0 * 3.0;


အဲလိုကြေငြာခဲ့မယ်ဆိုရင်တော့ သူတို့ဟာ အောက်ပါ Code တွေရဲ့ အဓိပ္ပါယ်နဲ့ တူညီပါတယ်။


int iAge = 17;
string strName = "SYKO";
double Exp = 2.0 * 3.0;


အဲဒီ့ Datatype ကို တစ်ခါတည်း မသတ်မှတ်ထားတဲ့ Implicit Local Variable တွေဟာလည်း ကန့်သတ်ချက်တစ်ချို့တော့ရှိပါတယ်။ အဲဒီ့ကန့်သတ်ချက်တွေ နဲ့ ရေးသားသင့်တဲ့ နည်းတွေကတော့...
• Implicit Variables တွေကို Local မှာဘဲကြေငြာပိုင်ခွင့်ရှိပါတယ်. Global အနေနဲ့ ကြေငြာပိုင်ခွင့်မရှိပါဘူး။

null အဖြစ်သတ်မှတ်ထားတဲ့ Variable တွေကိုလည်း 'var' အနေနဲ့ ကြေငြာခွင့်မရှိပါဘူး။
var x = null;


var နဲ့ ကြေငြာမယ်ဆိုရင်တော့ ၊ အဲဒီ့ကြေငြာတဲ့ Variable တန်ဖိုးကို အရင်ဆုံး တစ်ခုခုတော့ သတ်မှတ်ပေးရပါလိမ့်မယ်။ အောက်က Code လိုမျိုးရေးလို့ မရပါ။
var y;


• Intialize တန်ဖိုး သတ်မှတ်တဲ့အခါ Object ကို သတ်မှတ်လို့လည်းရပါတယ်။ Object ကို သတ်မှတ်မယ်ဆိုရင်တော့ keyword ဖြစ်တဲ့ "new" ဆိုတာကို ထည့်ပေးရပါလိမ့်မယ်။
var x = new Int32[] { 1, 2, 3 };


အကယ်လို့ အောက်က Code လိုမျိုး new ဆိုတာ မပါခဲ့ရင်တော့ Error တက်ပါလိမ့်မယ်။
var x = { 1, 2, 3 };

var x = Int32[] { 1, 2, 3 };


• အပေါ်က Feature အသစ်ဖြစ်တဲ့ Auto-Implemented Properties ကိုလည်း var နဲ့ အောက်မှာရေးထားသလို တွဲသုံးလို့မရပါဘူး။
public var StudID { get; set; }


• Implicit Variables တွေကို Iterative Statements(Looping) တွေဖြစ်တဲ့ "for" တွေနဲ့တော့ တွဲသုံးလို့ရပါတယ်။
foreach (var a in new Int32[] {1, 2, 3})
Console
.WriteLine(a);


• Implicit Type သုံးထားတယ်ဆိုရင်တော့ Methods တွေဟာ Return ပြန်နိုင်စွမ်းမရှိတော့ပါဘူး။ မယုံရင် အောက်က Code ကို Run ကြည့်ပါ။ Compile လုပ်နေချိန်မှာ Error တက်မှာသေချာပါတယ်။
public var BadThings()
{
return
0;
}


ဒါကတော့ Implicitly Typed Local Variables နဲ့ ပါတ်သက်လို့ ကျနော်လေ့လာမိသလောက်ပါ။ ကျန်ရင်လည်းကျန်မယ်ထင်တယ်။ တချို့ နိုင်ငံခြားဖိုရမ်တွေမှာတော့ ရှင်းထားတာ ပိုပြီးများတယ်ထင်တယ်။

Extension Methods

Extension Method ဆိုတာကတော့ instance method တွေမှာပါလေ့ရှိတဲ့ static method တွေကိုခေါ်တာပါ။ Static Method ကိုတော့ Static Class တွေမှာသာ ကြေငြာလို့ရတယ်ဆိုတာ Programmer တိုင်းသိကြမယ်ထင်ပါတယ်။ မသိသေးတဲ့ ပရိုဂရမ်မာပေါက်စလေးတွေလည်း ကျနော်နဲ့ အတူလေ့လာကြည့်ရအောင်နော်။(ကျနော်လည်း ဘာမှမသိသေးလို့ပါ


public static void ExportToExcel (this DataSet ds)
{
//do something...

}


Extension Methods တွေကို "this" ဆိုတဲ့ keyword နဲ့ ကြေငြာပြီးတော့ ရှေ့ဆုံးက ပါရာမီတာ မှာ မော်ဒီဖိုင်ရာ တစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ အပေါ်က ကုဒ်မှာဆိုရင် ExportToExcel ဆိုတဲ့ method ဟာ Dataset ဆိုတဲ့ Class တစ်ခုရဲ့ Extension Method အနေနဲ့ ကြေငြာထားတာပါ။

Extensin Method တွေဟာ သူတို့ကိုကြေငြာထားတဲ့ Static Class တွေရှိနေတဲ့ NameSpace ထဲမှာပါ ရှိနေပါတယ်။
အောက်က ဥပမာကို လေ့လာကြည့်ပါမယ်။

namespace Orcas.Samples
{
public static class Extensions
{
public static void
ExportToExcel(this DataSet ds)
{
//do something...

}
}
}


အပေါ်က Method လေးကတော့ Client Program မှာပါတတ်ပါတယ်။ ဘယ်လိုပါတတ်လဲဆိုတော့

using Orcas.Samples;


DataSet ds = new DataSet();
ds.ExportToExcel();


Extension methods ကို အသုံးပြုချင်တယ်ဆိုရင်တော့ လိုက်နာရမယ့်စည်းကမ်းတွေလည်းရှိပါသေးတယ်။

* Instance methods တွေကို Static Class တွေထဲမှာဘဲ declared လုပ်ပိုင်ခွင့်ရှိပါတယ်။
* Instance methods တွေဟာ extension methods တွေထက် ဦးစားပေးခံရပါတယ်။
* Inner NameSpace ထဲမှာရှိတဲ့ Extension methods တွေဟာ ၊ တခြား namespace တွေပေါ်မှာရှိတဲ့ Extension Methods တွေထက် ဦးစားပေးခံရပါတယ်။

Monday 2 May 2011

ကွန်ပျူတာမှာ Stick မတက် ဘူးဆိုရင်

USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။

ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။

နည်းလမ်း(၁)

- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)

- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။

-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။

နည်းလမ်း(၂)

- နောက်တစ်နည်းကတော့ Run Box မှာdevmgmt.msc ကို ရိုက်ထည့်လိုက်ပါ။

- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)

- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။

ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။

Saturday 30 April 2011

Website တစ်ခုလုံး Copy ကူးခြင်းနည်းလမ်းများ

Website တစ်ခုလုံး Copy ကူး လေ့လာချင်သူများ အတွက်

၁ ။ အရင်ဆုံး Web Copier ကို Install လုပ်ပါ ။

၂ ။ Web Copier ရဲ့ File အောက်က New ကို ရွေးပါ ။

၃ ။ Next ကို Click ပါ ။

၎ ။ Project Title မှာ ကိုယ်ဆွဲမယ့် Website အမည်ကို ပေးပါ ။

၅ ။ Add the address entering by its URL ကို ရွေးပါ ။

၆ ။ Next ကို Click ပါ ။

၇ ။ URL မှာ ကိုယ် Copy ကူးမယ့် Website ရဲ့ Address ကိုပေးပါ ။ ( http://www.w3Schools.com )

၈ ။ Next ကို Click ပါ ။

၉ ။ User ID နဲ့ Password ကို တစ်ခုခု ပေးပါ ။

၁၀ ။ Save in Directory မှာ သိမ်းချင်တဲ့ နေရာကို ပေးပါ ။ ( C:\Program Files\WebCopier\Download\ အောက်မှာ သူက အလိုလို သိမ်းမှာပါ ။ ကြိုက်ရာပြောင်းသိမ်းနိုင်ပါတယ် )

၁၁ ။ Next ရွေးပါ ။

၁၂ ။ Use the default Download Option ရွေးပါ ။

၁၃ ။ Next ရွေးပါ ။

၁၄ ။ Save the project and start Download now ဆိုတာလေးကို Check ပေးလိုက်ပါ ။

၁၅ ။ Finish နှိပ်ပါ ။

၁၆ ။ File Name မှာ NewProject.wcp ဆိုတဲ့ နေရာမှာ ကြိုက်တဲ့ Name ပေးပါ ။ ( w3Schools.wcp ဆိုပါတော့ )

၁၇ ။ ပြီးရင် Save နှိပ်ပါ ။ အလိုလို Copier ကူးနေတာလေး တွေ့ရမှာပါ ။

Web Copier Download Link :

http://www.freedownloadscenter.com/Network_and_Internet/Offline_Browser_Tools/WebCopier.html

C#.Net နဲ့ ပတ်သက်သော အကြောင်းအရာများကို Facebook တွင် Stringlive အမည်ဖြင့် Knowledge Sharing လုပ်ပေးထားပါတယ် ။