Wednesday 15 September 2010

G-mail (account)ကိုဘယ်လိုဖျက်မလဲ

အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း ကိုကို မမ ညီငယ် ညီမငယ် များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..(သိသင့်တယ်ထင်တာလေးတွေ...)


အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated withit ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင်ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete deletemememetoo@gmail.com and remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့ Secondary account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်…..

Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာအားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable.Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို blockလုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။
သိလာပါလိမ့်မယ်....။

gmail trace လိုက်နည်း

gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊

http://ipinfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊

ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

စိတ်ဝင်စားဖွယ် Gmail Tips 1

မိတ်ဆွေရဲ့ gmail address က "obama@gmail.com" လို့ဆိုပါတော့။ ဒါဆိုရင်အောက်က ဘယ်လိပ်စာဆီပဲ email ပို့ပို့ မိတ်ဆွေရဲ့ "obama@gmail.com"ဆီကိုရောက်မှာပဲ

obama@gmail.com
o.bama@gmail.com
ob.ama@gmail.com
oba.ma@gmail.com
obam.a@gmail.com

obama@googlemail.com
o.bama@googlemail.com
ob.ama@googlemail.com
oba.ma@googlemail.com
obam.a@googlemail.com

ဒါတင်လားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ dots တွေကြိုက်သလောက်ထည့်လို့ရတယ်။ ဥပမာ"o.b.a.m.a@gmail.com" နဲ့သုံးပြီးစာပို့ရင်လဲ မိတ်ဆွေရဲ့ မူလ emailဖြစ်တဲ့ "obama@gmail.com" ဆီကို အဲဒီစာရောက်မှာပဲ။
နောက်တခုက ကိုယ့် email address နောက်က ‘+’ sign သုံးပြီးကိုယ်ထည့်ချင်တဲ့စာတွေ ထပ်ပေါင်းထည့်လို့ရသေးတယ်။ ဥပမာ"obama+iloveyou@gmail.com" ကိုမိတ်ဆွေရဲ့ email address ပွါးအနေနဲ့သုံးလို့ရသေးတယ်

ဒါဆိုရင် အဲဒါတွေသိတော့ ဘာလုပ်ရမှာတုန်း?
သိပ်ရတာပေါ့ဗျာ။

1.
email တွေ သက်စေ့ဖွင့်စရာ မလိုပဲ account တခုထည်းနဲ့အများကြီးပွါးသုံးလို့ရတာပေါ့။ ဘယ်လိုပွါးမှာလဲ။ ဒီလိုလေးပါခင်ဗျ။ကျနော်ဆိုရင်ပေါ့ ကောင်မလေးတွေကို ဒီလိပ်စာပေးပါမယ်"airbusistein@gmail.com" ။ ယောက်ကျားလေးတွေကိုတော့ ဒီလိပ်စာပေါ့"airbus.istein@gmail.com"။ ပြီးရင် အဝင် mails တွေကို filterလုပ်လိုက်ပါမယ်။ "airbusistein@gmail.com" လိပ်စာနဲ့လာတဲ့ mail ဆို ’sentto’ သုံးပြီး "forever" ဆိုတဲ့ folder ထဲသွားခိုင်းလိုက်မယ်။"airbus.istein@gmail.com" လိပ်စာနဲ့ ဆိုရင်တော့ "for delete" ဆိုတဲ့folder ထဲဂျောင်းပေတော့။

2.
spammers တွေရဲ့ရန်ကကာကွယ်လို့ရသေးတယ်။
website တခုမှာ ကိုယ် sign up လုပ်တဲ့အခါတိုင်း email addressကိုဒီလိုလေးပေးပါမယ် "obama+thatsitename@gmail.com"။ဒီလိုလုပ်ချင်းအားဖြစ် အဲဒီ site ကလာတဲ့စာတွေကို ကိုယ်မလိုချင်ရင်အချိန်မရွေးဘန်းလို့ရတဲ့ အပြင် အဲဒီ site က spammers တွေကို ကိုယ့် emailaddress ဖြန့်ပေးနေလား မပေးလားဆိုတာပါသိနိုင်တယ်။