Friday 30 July 2010

အင်တာနက် ဆိုင်မှာ သုံးရင် ကိုယ့်ပက်စ်ဝေါ့အတွက်လုံခြုံအောင်

ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။
ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့ ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတ်မှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ။

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံပြီပေါ့ ။

Firefox ရဲ့ download speed ကို မြှင့်တင်ရအောင်။

Firefox က default အနေနဲ့ dial-up speeds ကို ထားထားတာပါ ။ သင်ဟာ highspeed internet ကိုသုံးနေတာဆိုရင် firefox ရဲ့ settingအနည်းငယ်ပြောင်းပေးရုံနဲ့ သင့်ရဲ့ download speedတော်တော်လေးမြန်လာတာကိုတွေ့ရပါလိမ့်မယ်။ Firefox ရဲ့ number ofconnections ကိုပြောင်းချင်းဖြစ်လဲ သင့်ရဲ့ bandwidth ကိုအကြီးအကျယ်တိုးပေးပါလိမ့်မယ်။ သင် ဖိုင် size ကြီးကြီးဒေါင်းလေ သင့်download speed ပိုမြန်လာလေ ဖြစ်ပါလိမ့်မယ်။

1) Firefox connection setting ကိုပြောင်းပေးဖို့ [COLOR=#NaNNaNNaN]about:config[/COLOR] ကို Firefox ရဲ့ address bar မှာရိုက်ထည့်လိုက်ပါ။

2) "Filter:" bar မှာ persistent ဆိုပြီးရိုက်ထည့်လိုက်ပါ

3) အောက်ကအတိုင်း preference names နှစ်ခုကို သူတို့ရဲ့တန်ဖိုးနဲ့တွဲပြီးမြင်ရပါမယ်
network.http.max-persistent-connections-per-proxy user set interger 8
network.http.max-persistent-connections-per-server user set interger 6

4) အဲဒီ preference name တခုဆီမှာ Double click နှိပ်လိုက်ပါ။ တန်ဖိုးချိန်းပေးဖို့ pop-up window လေးတက်လာပါလိမ့်မယ်။ သင်အသုံးပြုနေတဲ့internet connection က cable သို့မဟုတ် DSL ဆိုရင် 20 နဲ့ 30 ကြားထဲကနံပါတ်တခုခုကို ထည့်ပေးလိုက်ပါ။ (ကိုယ့် connection speed ကိုလိုက်ပြီးအဲဒီ အတွင်းမှာ အတိုးအလျှော့လုပ်ကြည့်ပါ။ ) ပြီးရင် OK ကိုနှိပ်လိုက်ပါ။

5)Firefox ကို Restart ချလိုက်ပါ။ file တွေပိုများများကို တပြိုင်တည်းdownload လုပ်လို့ရနိုင်ပြီး download speed လဲ တော်တော်တက်လာတာကိုတွေ့ရပါလိမ့်မယ်။

blogger အကြောင်းဆွေးနွေးကြမယ်။

Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့၈နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ logကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။

Blog ဟာ အင်တာနက်စာမျက်နှာတွေ ထဲကတခု ဖြစ်ပေမယ့်၊ သူ့မှာ အစီအစဉ် တကျ စီစဉ်ထားတဲ့ နေ့ရက်၊အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်၊အမျိုးအစားများ အလိုက်၊ ပုံစံတူများ အလိုက်၊ စသည်ဖြင့် စနစ်တကျ ပါရှိပါတယ်။ Blog တစ်ခုကို ဖန်တီးဖို့ Html ၊ java script စတဲ့ဝဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြား နေစရာ မလိုဘဲBlog host များကပေးထားတဲ့ စာမျက်နှာများမှာ လွယ်ကူစွာ အဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။နောက်ပြီးတော့ လာရောက် လည်ပတ်ကြသူတွေ ကိုလည်း ပွင့်လင်းစွာ၊ အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင် စီစဉ်ထားပေး ထားတာဟာတခြားသော အင်တာနက် စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။



Websterအဘိဓာန်မှာတော့ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ် တင်ထားတဲ့ကိုယ်ရေး ကိုယ်တာတွေလို့ ဖွင့်ဆို ထားပါတယ်။ ဒါကြောင့် တချို့သော သူများကBlog ကို အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ်ကိုယ်ရေး မှတ်တမ်းများလို့ မြန်မာလို အတတ်နိုင်ဆုံး တူအောင်၊ ဆီလျော်အောင်အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

BLog မှာ မိမိ ရေးသား ထားတာတွေကိုမိမိတစ်ဦးတည်းသာဖတ်ရှု နိုင်စေရန်၊ မိမိရဲ့ Blog ကို တပါးသူများ မဖတ်ရှုနိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား ထားသူများသာ ၀င်ရောက် ဖတ်ရှုနိုင်ရန်တားဆီးထားနိုင်သလို၊ လူအများ ၀င်ရောက် ကြည့်ရှု နိုင်အောင်လည်း ဖွင့်ထားပေးနိုင်တဲ့ အတွက် အဆင်ပြေလှပါတယ်။

ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေဝင်ရေးနေပါသလဲ၊ တိုးတက်သော နိုင်ငံတွေရဲ့ လေ့လာချက်အရ အလုပ်သမားတွေ၊ကျောင်းသားတွေ၊ ရဟန်း သံဃာတွေ ကစပြီး နိုင်ငံရဲ့ တာဝန်တွေကိုအမြင့်ဆုံးယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတ အထိ Blog စာမျက်နှာတွေ ကိုယ်စီ ရှိကြပါတယ်။အာရှမှာ ဆိုရင် ဂျပန်၊ ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူနဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါ ကိုယ်ပိုင် Blog တွေကို ရေးသားလာကြပါတယ်။ မကြာခင်မှာ မြန်မာ ဘလော့ဂ်တွေလည်း အင်တာနက်ပေါ်မှာကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ ကြတော့မှာ ဖြစ်ပါတယ်။
Bloggerဆိုတာကတော့ Blog တခုမှာပါဝင် ရေးသားနေသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကိုTechnorati ( http://www.technorati.com ) ကုမ္မဏီက ကောက်ယူ ခဲ့ရာမှာတစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ ဆိုတာတွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက်တနေ့ပိုများ လာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စားကြပါသေးတယ်။

မြန်မာ Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေအများအပြား ရှိနေတာဟာလည်း မြန်မာစာပေလောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blogစာရေးဆရာ တွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်းရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာရသမြောက်လွန်းလို့ အံ့မခန်း လေးစားထိုက်သလို၊ သူ့ထက်ငါ တနေ့ထက်တနေ့လက်စွမ်းပြ နေကြတာကိုက တရုပ်သိုင်းကား ကြည့်နေရသလိုလို၊ ကိုရီးယားကားအခန်းဆက် ဇာတ်ကား ကြည့်နေရလို ဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......
Bloggingဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို ခေါ်တာပါ။နောက်ပိုင်း မှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက်ထားပြီး ဆွေးနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။
ဒါဆိုရင်Blog မှာ ဘာတွေကို ရေးသားကြ၊ ဘယ်လိုအမြင်တွေကို ဖလှယ်ကြပါသလဲ။ Blog မှာလူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာဖြတ်သန်းသွားလာမှု၊ ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ် ချက်တွေ၊ နည်းပညာဆိုင်ရာသင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်ကစလို့၊နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာ လာရောက်ရေးသား ရင်ဖွင့်ကြ၊မှတ်တမ်းတင်ကြ၊ ဝေမျှကြ နဲ့ အကြောင်းအရာကဏ္ဍ စုံလင်လှပါတယ်။ Blog မှာဓါတ်ပုံများနဲ့ မှတ်တမ်းတင် ထားတဲ့ photoblog ကစပြီး၊ ဗီဒီယိုမှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွားမှတ်တမ်းများ၊ နည်းပညာ ဆိုင်ရာ အခြေအနေများ စသည်တို့ကိုလျင်လျင်မြန်မြန်နဲ့ ထိထိ ရောက်ရောက် ရေးသား လွှင့်တင် နိုင်ကြတဲ့အတွက်Blog လောကဟာ တနေ့ထက်တနေ့ ပိုမို ကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ တချို့သောနိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင်Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သောဝတ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာစောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့သာမန်လို့ သာပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ “မာမီက ပြောတယ်၊ဒီနေ့ မိုးရွာမယ်တဲ့” စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊(ပြောရရင်) လူထု အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါအချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။
Blog ရဲ့ထူးခြားချက်က ဘာအကန့်အသတ် အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ ထိန်းသိမ်းတာမပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကိုလွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့ လူတွေ ဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလိုအထိန်းအချုပ် မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့်လွတ်လပ် ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပါပဲ။နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အဝ အသုံးချကြတာမို့နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်းရှိပါတယ်။မီဒီယာ လောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့သူတို့ရဲ့ “ခရာ မှုတ်သူ”(whistle blower) အခန်း ကဏ္ဍကြောင့်လို့ ဆိုပါတယ်။C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့မီဒီယာ တော်တော်များများက ဖြုံကြပါတယ်။ တပြိုင်နက်တည်းမှာပဲမြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ 'တံခါးဖွင့်စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမ' (open-source newsrooms) တွေ အွန်လိုင်းပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger တွေရဲ့ကျေးဇူးကြောင့်လို့ပြောစရာ ရှိပါတယ်။ အီရတ်စစ်ပွဲ အကြို ကာလလောက်ကစပြီး မီဒီယာလောကသာမကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကိုဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထား အမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။ ပညာရှင် တချို့ကဆိုရင်ဘလော့ဂါ တွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံး နေကြတဲ့ ပထမဆုံး'ခရု ဆိတ်တာ' တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှမကြာလှသေးပေမဲ့ အံ့သြလောက်အောင် ကျယ်ပြန့် လာတာတော့ သေချာပါတယ်။အခုလောလောဆယ် ဝက်ဘ်ဆိုက် ပေါ်မှာ ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ ပရိတ်သတ် (၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့ တိုင်းမ် ဂျာနယ်လစ် 'တောမတ်ဖရီးမင်း' ကတော့ Blog လှုပ်ရှားနေမှုကို 'တံခါးမရှိ၊ ဓားမရှိ စူးစမ်းလေ့လာရေး' (open-source) လို့ အကဲဖြတ်သလို၊ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့နည်းပညာလှိုင်းရဲ့ ရိုက်ချက်တစ်ခု လို့လည်းဆိုနေပါကြောင်းပါကြောင်း ခင်ဗျာ။

credit
http://kminnkyaw.blogspot.com/2007/05/blog-blogger-blogging.html

Facebook နဲ့ Privacy အကြောင်း

ဒီနေ့တော့ Facebook နဲ့ privacy အကြောင်းပြောချင်လို့ပါ။ personal မြင်တာပဲပြောမှာပါ နဲနဲတော့ လန့်တယ် လူတွေက တစ်ခုခုဆို ဘာရယ်မဟုတ် copy ကူးပြီး forward mail လုပ်တတ်ကြသေးတာကိုး.. အရင် တစ်ခေါက်ကလဲ ပြသနာ အပြုံလိုက်ရခဲ့ပြီးပြီ။ အခုကတော့ ကြိုမေတ္တာရပ်ခံထားမှ.. FaceBook အကြောင်းဆိုတာက အဓိကက သူ့ရဲ့ policy အသစ်အကြောင်းပါ။ FaceBook F8 Event ပြီးတော့ အသစ်ဖြစ်လာတဲ့ Terms & Conditions တွေတော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အချိုးမပြေလို့ ရေးဖြစ်ပါတယ်။ အားလုံးလဲ သိထားသင့်တယ်ထင်လို့ပါ။
Policy အသစ်ရဲ့ Section 2.1 အရ FaceBook မိတ်ဆွေ တင်သမျှ Data including status update, photos, videos အားလုံးက FaceBook က ပိုင်တယ်ဆိုတာ သဘောတူထားပြီးသား အလိုလျောက်ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ အဲဒီ messages တွေကို လိုသလိုသုံးနိုင်တယ်။ ဥပမာ – Live Search လုပ်ချင်လဲ လုပ်လို့ရတယ်.. ဓာတ်ပုံဆိုလဲ သူတို့ပိုင်သွားတယ်ဆိုတော့ ကြိုက်တာလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောပါပဲ။ Wink.com လို Person Search Engine လုပ်ချင် လုပ်လို့ရသွားနိုင်တယ်။ ဒါမျိုးက ဆိုးပါတယ် ဥပမာ DeviantArt လို ဆိုဒ်မှာ ကျွန်တော် art work သွားတင်ထားလဲ ကိစ္စမရှိပါဘူး Right က ကျွန်တော့်ဆီမှာပဲ အပြည့်ရှိတယ်.. သူတို့ ဟာက free service ဖြစ်တာတောင် အဲဒီ art work, photo ကို print လုပ်ချင်ရင် ရောင်းချင်ရင် ကျွန်တော့်ကို ဆက်သွယ်ရပါတယ်။ FaceBook policy အရဆိုရင် Right တင်မက အားလုံး exact data ကိုပိုင်တယ်ဆိုတဲ့ သဘောပါ။ ဒါမျိုးက ဘယ် social networking ဆိုဒ်မှာမှ policy မရှိပါဘူး။ Flickr လိုမျိုးမှာလဲမရှိဘူး Stock Photo ရောင်းတဲ့ iStockPhoto မျိုးမှာတောင် ကိုယ့် photo တင်ထားရောင်းဦးတော့ သူတို့ မပိုင်ပါဘူး ကော်မရှင်ခပဲ ယူလို့ရပါတယ်။
Section 4.6 အရ မိတ်ဆွေဟာ FaceBook မှာ up to date မဖြစ်ရင် status update မလုပ်ရင် notice မပေးပဲ ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်လောက်က လုပ်ထားတဲ့ Friendster account တောင် မ၀င်တာ ၂ နှစ်လောက်ရှိပေမယ့် အခုထိရှိသေးတယ်။ FaceBook မှာ ၂ နှစ်လောက် ဆိုရင် အကောင့်ခံပါ့မလားပဲ တွေးမိတယ်။ Gizmodo ကထောက်ပြတာ နောက်တစ်ခုက FaceBook founder, CEO Zukerbag ရဲ့ Ethic ပြသနာလဲ ရှိသေးတယ်လို့ ဆိုပါတယ်။ Founder ကိုယ်တိုင်က အရင်တုန်းက users တွေရဲ့ အကောင့်က password ကိုကြည့်ပြီး personal email တွေ ၀င်ဖတ်ဖူးတဲ့ ပြသနာရှိတယ်လို့ ပြောပါတယ်။
FaceBook က F8 Conference မှာ Open Graph ဆိုတဲ့ API ကို စပြီး မိတ်ဆက်ပေးပါတယ် အမှန်တော့ ကျွန်တော် personally မကြိုက်ပါ ကျွန်တော်တင်မဟုတ် အခြားနိုင်ငံခြားက ဘလော့ဂ်တွေမှာရော ကွန်မန့်တွေမှာပါ လူတွေ မကြိုက်တာတွေ့ပါတယ်။ Open Graph ထပ်စာရင် Open Grab ဆိုပြီးပြောင်းလိုက် ရင်ကောင်းမယ်။ ဘာတွေပြသနာ ရှိလဲဆိုတော့ FaceBook Like button ပါတဲ့ အခြားဆီက blog တစ်ခုခုမှာ ကျွန်တော် Like ကို နှိပ်လိုက်တယ်ဆိုရင် ကျွန်တော့် FaceBook သူငယ်ချင်းတွေဆီက timeline မှာ ကျွန်တော် အဲဒီ link မှာ like လုပ်တဲ့ အကြောင်းသွားပြတယ်.. ကျွန်တော် အဲဒီ ပို့စ်ကို ကျွန်တော့်ကို သူငယ်ချင်းတွေဆီကို share လုပ်မှာလားဆိုတာမျိုးလဲ မမေးဘူး။ နောက်ဆို Like မနှိပ်ခင် အဲဒီကိစ္စပါ စဉ်းစားဖို့လိုလာတယ်.. FaceBook အထဲမှာက friend ဆိုပြီးသာပါတာ ကိုယ်နဲ့ မသိတဲ့ သူက အများကြီးရယ်…

FaceBook မှာ status message က အရင်ကတည်းက public လုပ်မှာလား private လုပ်မှာလားဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ friend only private လုပ်ထားတော့ message အောက်တွေမှာ lock ပုံလေး အမြဲပါတယ်။ အခုချိန်မှာတော့ public ဆိုတာက friend တင်မဟုတ် friend of friend တင်လဲမဟုတ်တော့ဘူး FaceBook Society အကုန်ပါသွားပြီ facebook API သုံးထားတဲ့ နေရာမှန်သမျှကို public လို့ ဆိုလိုတာ ဖြစ်သွားပါပြီ။ အဲဒါကိုလဲသတိထားဖို့ လိုပါတယ်။
နောက်တစ်ခုက FaceBook Application တွေက user data တော်တော်များများကို access လုပ်ခွင့်ရနေတယ်လို့ ဆိုပါတယ်။ ကျွန်တော်က developer မဟုတ်တော့ သေချာတော့ မသိပါဘူး ဒါပေမယ့် သတင်းတွေတိုင်းလိုလိုမှာလဲ တွေ့နေရတော့ သတိထားဖို့လိုတယ်လို့ ထင်တယ်။ တချို့ application တွေဆို ကိုယ့်ဓာတ်ပုံဖိုင်တွေထဲ ၀င်မွှေပြီး Idiot of the Day လုပ်လို့လုပ်နဲ့ အဲဒီပုံတွေ access လုပ်လို့ ရကတည်းက နဲနဲတော့ လန့်နေပြီ F8 လဲပြီးရော ကြော်ငြာတွေက အစ Google Adsense ထက်ပို တိကျတာမျိုးတွေ ညာဘက်မှာ ပေါ်နေပြီ ဥပမာ – Singapore မှာ Rock Concert ရှိတယ်ဘာညာနဲ့ Advertiser ကလဲ ကျွန်တော့် profile data ကို access လုပ်လို့ရနေတဲ့ သဘောပဲ ဘယ်မှာနေတယ်.. ဘာ movie ကြိုက်တယ်.. ဘာ music ကြိုက်တယ် အကုန်ယူထားတယ်။ တခါတလေတော့လဲ update သိရတာပေါ့လို့ စဉ်းစားမိပေမယ့် ကြော်ငြာတွေက ကိုယ့် data ယူသုံးနေတယ်ဆိုတော့ နဲနဲတော့ တင်းလာပြန်တယ်။
ပြီးတော့ Technical problems တွေ holes တွေလဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ technical problems တွေ အသာထားပြီး social problems တွေပဲ ဆက်ပြောတော့မယ်.. ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြသနာမျိုးလဲ ရှိသေးတယ်… ဖြစ်တာက သူ့အကောင့်ထဲမှာ အရင် ရည်းစားရဲ့ ညီမနဲ့ friend ဖြစ်နေတုန်းပါ အဲဒီမှာ ပြသနာက ရှင်းအောင် A B C D နဲ့ပဲပြောတော့မယ်ဗျ ဘယ်လိုပြောရမလဲမသိလို့ သူ့ရည်းစားဟောင်းကို A လို့ ထားလိုက်မယ်.. ရည်းစားဟောင်း ညီမကို B ထားလိုက်မယ်ဗျာ.. ပြသနာက သူ့ရည်းစား A နဲ့က remove လုပ်ထားပြီးတာကြာပြီ အဲဒီမှာ B ဖြစ်တဲ့ သူ့ညီမ နဲ့က friend အနေနဲ့ ရှိသေးတော့ ရည်းစားဟောင်း ဓာတ်ပုံတွေကို A နဲ့ friend မဟုတ်တော့ပေမယ့် ၀င်ကြည့်လို့ရနေတယ်.. အခု ကျွန်တော့် ဘော်ဒါက မိန်းမရတာ ၁ နှစ်ကျော်ပြီ အဲဒီမှာ သူ့မိန်းမက သူ့ iPhone ကနေ၀င်ကြည့်ပြီး မျိုးစုံ ပြသနာ တက်တယ်ပြောတယ်.. B ကိုပါ ဖျက်ချင်တာ iPhone FaceBook App မှာကလဲ remove မပါတော့ ကျွန်တော်နဲ့တွေ့တော့မှ laptop ကနေ remove လုပ်လို့ရသွားတယ်။
နောက်ပြသနာတွေရှိသေးတယ် အဲဒါက photo တွေမှာ tag လုပ်ရင် profile album ထဲမှာ လာလာပေါ်တာကလဲ ပြသနာ.. ငယ်ငယ်တုန်းကလို သောင်းကျန်းတုန်းက ပုံတွေ ဘော်ဒါတွေက ပြန်တင်ပြီး tag ကြရင် profile ထဲမှာ လာပြီး ခန့်ခန့်ကြီးပေါ်လို့ဗျာ.. ကျွန်တော့် ဘော်ဒါဆို ညဘက်ကြီး အကျီကျွတ်တွေနဲ့ လမ်းဘေးမှာ ဂစ်တာတီးနေတဲ့ ပုံတွေ သူများတင်တော့ tag ခံရပြီး profile ထဲမှာ အခန့်သားပေါ်လာတော့ အောက်က comment ပေးသွားတယ်။ အကိုတို့ ငယ်ငယ်က တော်တော် စရိုက်ကျတာပဲနော်တဲ့.. =P တိန် ဒီကြားထဲ application များက fake tag ကြတာက အပြွတ်လိုက်ပါသေးတယ်။ အဆိုးဆုံးကတော့ My SIM ဆိုလားပဲ တစ်ခါ tag ရင် အများကြီးပဲ.. ကြည့်မရတဲ့ facebook က ဘော်ဒါများကို နောက် အရှက်ခွဲချင်ရင် ငယ်ငယ်က ပုံတွေသာတင်ပြီး ပြန် tag ပေးလိုက်ဗျာ သူတို့ timeline ထဲမှာ သွားပေါ်ပြီး အခြားသူတွေပါ ကြေငြာပြီးသားဖြစ်သွားမယ်.. တစ်ခုတော့ သတိထားဗျ တင်သမျှပုံ FaceBook က သူပိုင်တယ် လုပ်မှာနော်..
ပြသနာတွေထဲမှာ FaceBook icons တွေလို လိုက်လုပ်ထားတဲ့ fake Applications တွေကလဲ ရှိသေးတယ်။ နောက်သတိထားစရာက FaceBook က avatar, Profile Photo ဟာ လုံးဝ public ဖြစ်တယ်ဆိုတာပါ web site တွေ blog တွေက side bar မှာ Like လုပ်ထားရင် နောက်လူတွေလာဖတ်ရင် သိသိမသိသိ Fan အနေနဲ့ ပြမှာပါ။ Post ကို Like လုပ်တာကတော့ friend only ပြပေမယ့် အဲဒီ Fan Like ကတော့ public ဖြစ်သွားတာမို့ ကောင်မလေးနဲ့ တွဲရိုက်ထားတာမျိုးတွေ ပုံတွေ တင်ရင် သတိထားဖို့လိုပါတယ် ယောက်ဖတွေ ယောက္ခမတွေတွေ့သွားရင် လုံးဝ မလွယ်ပါဘူး
အခုတော့ ညနက်နေပြီမို့ ဒီလောက်ပဲဗျာ အောက်မှာတော့ link တွေထည့်ပေးထားပါတယ် FaceBook Privacy အကြောင်း ဆက်ဖတ်ချင်ရင် ဖတ်လို့ရပါတယ်။ မြန်မာလို အများဆုံးရေးပြီး status messages update လုပ်တာတွေက သူတို့လဲ တချိန်သုံးလို့ ရမရ မသေချာပေမယ့် photos တွေ videos တွေပါ ပိုင်တယ်ဆိုတဲ့ policy ကို အစာမကြေတာကြောင့် အများသိအောင် အသိပေးတာပါ။ FaceBook အနေနဲ့တော့ အချိန်မှီ Google Buzz လို မဖြစ်အောင် ပြန်ပြင်သင့်တယ် ထင်တာပါပဲ။ လောလောဆယ်တော့ FaceBook အကောင့် delete လုပ်ဖို့ campaign တွေလဲ ရှိနေတာတွေ့ရတယ်။ ဖျက်ဖို့ အထိကတော့ မလွယ်ပါဘူး ဓာတ်ပုံတွေ ဘာတွေတင်တာ ဆင်ခြင်နိုင်တာကောင်းပါတယ်။ လောလောဆယ်တော့ US Congress ကလဲ စာပို့ပြီး စုံစမ်းနေတယ် ပြောပါတယ်။ Have A Nice Day!!


credit
http://www.htootayzar.com/myblog/2010/05/facebook-and-privacy/#more-3029

ဘန်းထားတာကိုကျော်ခွပေးမဲ့ firefox add-on များ

UltraSurf Firefox add-on
UltraSurf ကတော့ ဘန်းကျော်သားတို့နဲ့ရင်းနှီးပြီးသားမို့လို့ အထူးတလည်ပြောစရာမလိုတော့ဘူးထင်တယ်။ အရင်က ဆို UltraSurf ကို IE မှာပဲ သုံးလို့ရတယ်လေ။ အခုတော့ firefox မှာပါသုံးလို့ရပြီဖြစ်ပါတယ်။
ကျော်ဖို့ခွဖို့ တခုတည်းမဟုတ်ပဲ ကိုယ့်ရဲ့ privacy ကိုကာကွယ်ဖို့လဲ သုံးလို့ရပါတယ်။
ဒါပေမဲ့ ဒီ add-on ရဲ့အားနည်းချက်ကတော့ အရင် IE မှာ သုံးရသလို proxy ကို auto မပြောင်းပေးတာပါပဲ။ ဒီတော့ proxy setting ကို ကိုယ့်ဟာကိုယ်ပြောင်းယူရပါမယ်။

အသုံးပြုပုံ
အောက်က လင့်မှာ UltraSurf software ဒေါင်းလုပ်ဆွဲလိုက်ပါ။ ( အင်စတောလုပ်ရန်မလိုပါ ။ လိုအပ်သည့်အခါတွင်တာ .exe file ကို double click နှိပ်ပေးရန်လိုပါသည်)

file size: (442Kb)
http://www.ultrareach.net/download_en.htm

Ultrasurf Firefox add-on ကို ဒီမှာထပ်ဒေါင်းပြီး zip file ကိုဖြေလိုက်ပါ
file size: (23Kb)
http://www.ultrareach.net/download_en.htm

Firefox browser ကိုဖွင့်လိုက်ပြီး wjbutton_en.xpi file ကို Firefox window ထဲကို drag ဆွဲထည့်လိုက်ပါ။ ပြီးရင် "Install" button ကိုနှိပ်ပြီး အင်စတောလုပ်လိုက်ပါ။ Firefox window ရဲ့ညာဘက်ထောင့်မှာ UltraSurf icon သို့မဟုတ် စာသားကိုပြပါလိမ့်မယ်။ ပြီးရင် firefox windows အားလုံးကိုပိတ်ပြီး Firefox ကိုပြန်ဖွင့်လိုက်ပါ။

အောက်မှာ UltraSurf ကို enable or disable ကလစ်နှိပ်ပြီး ရွေးပေးလို့ရပါတယ်။

သတိထားရတော့မဲ့ Remote Keylogger

ပေါ်တာတော့ ကြာပါပြီ။ ကျနော် အခုမှ ဟက်ကင်း ဖိုရမ်မှာတွေ့လို့သတိပေးချင်လို့ တင်လိုက်တယ်။ remote keylogger ဆိုတဲ့အတိုင်း victim ရဲ့computer ကိုထိတွေ့စရာမလိုပဲ အဝေးကနေ email တို့ဘာတို့နဲ့လှမ်းပို့မှာဖြစ်ပါတယ်။အဲဒီ keylogger ကို binder program တခုခုသုံးပြီးprogram တခုခု ဒါမှမဟုတ် photo တခုခု နဲ့ပေါင်းလိုက်ပါတယ်။ ပြီးရင် victimဆီကို email နဲ့ပို့လိုက်ပါမယ်။ victim က အဲဒီ program လေးကို clickလိုက်တာနဲ့ ( ပိုအဆင့်မြင့်တဲ့ဟာဆို mouse ဖြတ်လိုက်တာနဲ့) keylogger ကိုvictim ရဲ့ computer မှာ invisibly auto install လုပ်ပါလိမ့်မယ်။ ပြီးရင်keyboard ကရိုက်လိုက်သမျှစာတွေ၊ cookie တွေ၊ screenshot ပုံတွေကိုသူခိုးဆီ internet ကိုသုံးပြီးပြန်ပို့ပေးပါတယ်။ antivirusတောင်ဖမ်းမရအောင် invisible tech နဲ့ပို့တာပါ။

ကာကွယ်နည်း

ကိုမသိတဲ့ ဘယ် email မှ ဖွင့်မကြည့်ပါနဲ့။
use good anti spyware software and always kep it update to date။အပျော်သုံး email နဲ့ ကိုယ်ရေးကိုယ်တာသုံး email ကို ခွဲ၍သုံးရန်။
ကိုယ့် personal email address ကို forum များတွင်မဝေရန်။
ဝေချင်ရင် email account တခုသက်သက်ဖွင့်ရန်။
တတ်နိုင်ရင် browser မှာ cookieနဲ့ တွေမမှတ်ထားပါ။

ကျနော်ဆို forum မှာသုံးဖို့ email account နှစ်ခုဖွင့်ထားတယ်။နှစ်ခုစလုံး အပြန်အလှန် secondry ပေးထားတယ်။ အဲဒီ email နှစ်ခုစလုံးမှာကိုယ်နဲ့ပက်သက်တဲ့ အကြောင်းအရာ တခုမှမရှိပါ။ သဘောကတော့ ကိုယ့် emailတခုခုပါသွားရင်တောင် ကိုယ့်အကြောင်း ပုရောစိတ်လောက်တောင်မသိစေရဘူး။