Friday 30 July 2010

Firefox ရဲ့ download speed ကို မြှင့်တင်ရအောင်။

Firefox က default အနေနဲ့ dial-up speeds ကို ထားထားတာပါ ။ သင်ဟာ highspeed internet ကိုသုံးနေတာဆိုရင် firefox ရဲ့ settingအနည်းငယ်ပြောင်းပေးရုံနဲ့ သင့်ရဲ့ download speedတော်တော်လေးမြန်လာတာကိုတွေ့ရပါလိမ့်မယ်။ Firefox ရဲ့ number ofconnections ကိုပြောင်းချင်းဖြစ်လဲ သင့်ရဲ့ bandwidth ကိုအကြီးအကျယ်တိုးပေးပါလိမ့်မယ်။ သင် ဖိုင် size ကြီးကြီးဒေါင်းလေ သင့်download speed ပိုမြန်လာလေ ဖြစ်ပါလိမ့်မယ်။

1) Firefox connection setting ကိုပြောင်းပေးဖို့ [COLOR=#NaNNaNNaN]about:config[/COLOR] ကို Firefox ရဲ့ address bar မှာရိုက်ထည့်လိုက်ပါ။

2) "Filter:" bar မှာ persistent ဆိုပြီးရိုက်ထည့်လိုက်ပါ

3) အောက်ကအတိုင်း preference names နှစ်ခုကို သူတို့ရဲ့တန်ဖိုးနဲ့တွဲပြီးမြင်ရပါမယ်
network.http.max-persistent-connections-per-proxy user set interger 8
network.http.max-persistent-connections-per-server user set interger 6

4) အဲဒီ preference name တခုဆီမှာ Double click နှိပ်လိုက်ပါ။ တန်ဖိုးချိန်းပေးဖို့ pop-up window လေးတက်လာပါလိမ့်မယ်။ သင်အသုံးပြုနေတဲ့internet connection က cable သို့မဟုတ် DSL ဆိုရင် 20 နဲ့ 30 ကြားထဲကနံပါတ်တခုခုကို ထည့်ပေးလိုက်ပါ။ (ကိုယ့် connection speed ကိုလိုက်ပြီးအဲဒီ အတွင်းမှာ အတိုးအလျှော့လုပ်ကြည့်ပါ။ ) ပြီးရင် OK ကိုနှိပ်လိုက်ပါ။

5)Firefox ကို Restart ချလိုက်ပါ။ file တွေပိုများများကို တပြိုင်တည်းdownload လုပ်လို့ရနိုင်ပြီး download speed လဲ တော်တော်တက်လာတာကိုတွေ့ရပါလိမ့်မယ်။